'တိုက်ရိုက်မှတ်တမ်း' သည် နားမကြားသူနှင့် နားလေးသူများအတွက် ထုတ်လုပ်ထားသည့် အများသုံးစွဲနိုင်မှုအက်ပ်တစ်ခုဖြစ်ပြီး မည်သူမဆို အသုံးပြုနိုင်သည်။ Google ၏ နောက်ဆုံးပေါ် စကားသံ အလိုအလျောက်မှတ်သားမှု နည်းပညာကို အသုံးပြုလျက် 'တိုက်ရိုက်မှတ်တမ်း' က သင့်ဖန်သားပြင်ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ စကားသံနှင့် အသံကို စာသားမှတ်တမ်းပြောင်းပေးသည့်အတွက် သင့်ပတ်ဝန်းကျင်ရှိ စကားဝိုင်းများတွင် ပိုမိုလွယ်ကူစွာ ပါဝင်နိုင်ပါမည်။ ဖန်သားပြင်ပေါ်တွင် သင့်အကြောင်းပြန်ချက်ကို စာရိုက်ပြီး စကားဆက်ပြောနိုင်သည်။
Pixel 3 နှင့် အထက် ပေါ်တွင် 'တိုက်ရိုက်မှတ်တမ်း' ကို အသုံးပြုရန်အတွက် နောက်ထပ်ဤအဆင့်များ လုပ်ဆောင်ရန် လိုအပ်သည်-
၁။ သင့်ကိရိယာ၏ 'ဆက်တင်များ' အက်ပ်ကို ဖွင့်ပါ။
....၂။ "အများသုံးစွဲနိုင်မှု" ကိုတို့ပြီး "တိုက်ရိုက်မှတ်တမ်း" ကို တို့ပါ။
၃။ "ဝန်ဆောင်မှုကို သုံးရန်" ကိုတို့ပြီး ခွင့်ပြုချက်များကို လက်ခံပါ။
၄။ မျက်နှာပြင်၏ ညာဘက်အောက်ထောင့် 'ပင်မခလုတ်' ဘေးတွင် 'အများသုံးစွဲနိုင်မှု' ခလုတ်ကို တွေ့မြင်ရပါမည်။ 'တိုက်ရိုက်မှတ်တမ်း' ကို စတင်ရန် အများသုံးစွဲနိုင်မှု ခလုတ်ကို တို့ပါ သို့မဟုတ် လက်ဟန် ကို အသုံးပြုပါ (https://support.google.com/accessibility/android/answer/7650693) ။
အချိန်နှင့်တစ်ပြေးညီ စာသားမှတ်တမ်း
• စာသားမှတ်တမ်းကို ဘာသာစကားနှင့် ဒေသိယစကား ၇၀ ကျော်ဖြင့် ပံ့ပိုးပေးသည်။
• ဘာသာစကား ၂ ခုကြား အမြန်ပြောင်းနိုင်ရန် ပံ့ပိုးပေးသည်။
• တစ်စုံတစ်ယောက်က သင့်တံခါးကို ခေါက်နေသည် သို့မဟုတ် ခွေးဟောင်နေသည်ကို သင်သိနိုင်ရန် စကားသံမဟုတ်သည့် အသံကို ပြသသည်။
• သင့်တုံ့ပြန်ချက်များကို အက်ပ်အတွင်း ရိုက်ခြင်းဖြင့် စကားမပြောဘဲ စာပြန်နိုင်သည်။
စာသားမှတ်တမ်းသို့ ပြန်လည် ရည်ညွှန်းခြင်း−
• သင်သည် သင့်စက်ပစ္စည်းပေါ်တွင် လုံခြုံစွာ ရှိနေသော စာသားမှတ်တမ်းကို ၃ ရက်ထိ သိမ်းထားနိုင်သည်။ (မူရင်းသတ်မှတ်ချက်အရ စာသားမှတ်တမ်းများကို မသိမ်းဆည်းပါ။)
• မိတ္တူကူးပြီး ထည့်ရန် စာသားမှတ်တမ်းကို ထိပြီး ဖိထားပါ။
ပိုမိုတိကျသော စာသားမှတ်တမ်း အတွက်−
• အသံလက်ခံမှု ပိုမိုကောင်းမွန်စေရန် ကြိုးပါသော မိုက်ခွက်ပါနားကြပ်များ၊ ဘလူးတုသ် မိုက်ခွက်ပါနားကြပ်များနှင့် USB မိုက်များတွင် တွေ့ရသော ပြင်ပ မိုက်ခရိုဖုန်းကို အသုံးပြုပါ။
• သင်၏ ပတ်ဝန်းကျင်သည် စာသားမှတ်တမ်းပြုလုပ်ရန်အတွက် သင့်တော်မှု ရှိမရှိ သိရန် အသံကျယ်မှုနှင့် ဆူညံသံ အညွှန်းကို စစ်ဆေးပါ။
လိုအပ်ချက်များ−
• Android 5.0 (Lollipop) နှင့် အထက်။
ယူအက်စ်တွင် ဖွင့်လှစ်ထားသည့် နားမကြားသူနှင့် နားလေးသူများအတွက် ထိပ်တန်း တက္ကသိုလ်ဖြစ်သော Gallaudet တက္ကသိုလ်နှင့် 'တိုက်ရိုက်မှတ်တမ်း' ကို ပူးတွဲလုပ်ကိုင်ထားပါသည်။
အကြံပြုချက်ပေးရန်နှင့် ထုတ်ကုန် အက်ပ်ဒိတ်လုပ်ခြင်းများကို လက်ခံရန် Google အသုံးဝင်မှု ကွန်မြူနတီ တွင် ပါဝင်ပါ(https://groups.google.com/forum/#!forum/accessible)။မသန်စွမ်းဖြစ်မှု ပံ့ပိုးရေးအသင်းတွင် ကျွမ်းကျင်သူဖြင့် ဆက်သွယ်ရန် လင့်ခ်− http://g.co/disabilitysupport သို့ သွားပါ။
ခွင့်ပြုချက်များ သတိပေးချက်
မိုက်ခရိုဖုန်း− 'တိုက်ရိုက်မှတ်တမ်း' သည် သင့်အနီးရှိ စကားသံကို မှတ်တမ်းတင်ရန် မိုက်ခရိုဖုန်းကို သုံးစွဲခွင့် လိုအပ်ပါသည်။ စာသားမှတ်တမ်း ပြုလုပ်ပြီးသည့်အခါ အသံကို သိမ်းထားမည် မဟုတ်ပါ။